1 Oct 2011

ဘ၀ပျောက်ရှာပုံတော်

ဖြစ်ချင်တာတွေကလွဲ
ဖြစ်ခဲ့တာတွေကလည်း အလွဲတွေချည့်
ဘယ်လိုပဲကြည့်ကြည့်
ငါ့ဆီမှာတော့
အနိစ္စတရားပဲ ရှိတယ်

အသစ်ကြောင့် အဟောင်းဖြစ်သလား...
အကြောင်းကြောင့် အကျိုးဖြစ်သလား...

စားနေကျ ခေါင်းကို
ထားနေကျအစဉ်အတိုင်း
ခေါင်းအုံးပေါ်မှာ မှေးတင်လို့
ညတွေကို အိပ်ယာအတွက်ခင်း
မနက်ခင်းတွေကို မျက်နှာသစ်ဖြစ်ရင်းနဲ့
ဘ၀အသစ်ကို ရှာဖွေရအုံးမယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
unity
15:34(GMT)

0 comments:

Post a Comment