Showing posts with label အလှုကိစ္စ. Show all posts
Showing posts with label အလှုကိစ္စ. Show all posts

16 Jan 2012

စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၂ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)

မနေ့တုန်းက မတင်နိုင်တဲ့ အသံဖိုင်တွေရယ် ဓါတ်ပုံတွေရယ်ပါ.။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ..ကျဆုံးသွားတဲ့ သူတွေကိုတော့ ကျွန်တော်တို့တွေ မလှောင်ပြောင်မိဖို့ လိုပါတယ်။အခုလို ဓါတ်ပုံတွေ ဖော်ပြပေးလိုက်တယ် သတင်းတွေတင်ပေးတယ်ဆိုတာကလည်း အားလုံးသိအောင် သာဓုခေါ်ဆိုနိုင်အောင်သာ ရည်ရွယ်ပါတယ်။အရာရာကို အကောင်းမြင်ကြရင် အကောင်းမြင်ပေးနိုင်ရင် မအေးချမ်းပေဘူးလားဗျာ...။နား -ထောင်လို့အဆင်ပြေနိုင်မဲ့ ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။အချိန်ရရင် နားထောင်သွားကြပါခင်ဗျား။



စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၁ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)

အားလုံး မင်္ဂလာပါခင်ဗျား။(၂၈.၁.၂၀၁၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စက်ဆန်းပေါက်ကွဲမှု အတွက် ကျဆုံးသွား ကြတဲ့ မိသာစုဝင်တွေ၊ ဆေးဝါးကုသမှု ခံယူနေရတဲ့ မိသားစုဝင်တွေကို လှုဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့ ဗြိတိန်၊ အမေရိက၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံတို့မှာ အလှုငွေတွေ လက်ခံရရှိခဲ့ပါတယ်။ ပါဝင်လှုဒါန်းကြတဲ့ အလှုငွေစုစုပေါင်း ၂,၁၂၁,၆၂၅ကျပ်တိတိ(နှစ်ဆယ့် တစ်သိန်း နှစ်သောင်း တစ်ထောင့် -  ခြောက်ရာ နှစ့်ဆယ့် ငါးကျပ်တိတိ) ရရှိခဲ့ပါတယ်။အလှုငွေလည်း ရပြီ။လှုဒါန်း လို့လည်း ရပြီ။ ဒါပေမဲ့ နိုင်ငံစုံက အလှုရှင်သူငယ်ချင်းတွေ ပါဝင်နေ တာကြောင့် ဒီအလှုအဖွဲ့ကိုတော့ နာမည်လေး တစ်ခုခုပေးမှ ဖြစ်မယ်လို့ အကြံပြုကြည့်တော့ အရှင်ဇနက (အင်္ဂါမောင်)က “မြန်မာမုဒိတာလူငယ်များအဖွဲ့” (Myanmar Mudita Youth Group – MMYG )ရယ်လို့ အမည်တပ်ပေးခဲ့တယ်။