25 Sept 2011

ဧရာဝတီ

အို..ခရီးသွားမြစ်တစ်စင်း
သင်ကား မြောက်အရပ်ဆီမှ ခရီးပြင်းနှင်ခဲ့၏။
တော်တောင်၊လျှိုမြောင်၊ကျောက်ဆောင်တို့သည်ပင်
သင်၏ စွမ်းပကားဖြင့် သွားရာလမ်း
ဖြစ်ခဲ့ပြန်လေ၏။

သင်၏ နှလုံးသွေးတို့ဖြင့်
မြဖဲကတ္တီပါ ၀ဲယာလွှမ်းစေ၏။
သင်၏ စွမ်းပကားဖြင့်
ထောင်သောင်း ခရီးတွင်စေ၏။

မလျော်ကန်သော ထိန်းချုပ်မှုဟူသမျှအား
မနှစ်မြို့ လေသော ဧရာဝတီ
သင်၏ ဒေါသမုန်တိုင်းတို့ဖြင့်
အတားအဆီးဟူသမျှ
အပိုင်းပိုင်း ကျိုးပျက်ခဲ့ပြန်၏။

သဘာဝတရား၏ လက်ဆောင်
စွမ်းပကားတို့ဖြင့် ဧရာဝတီ
သင်၏ ဂုဏ်ကျေးဇူးတရားတို့အား
ဒေါသမုန်တိုင်းတို့ဖြင့် ချေဖျက်ခြင်းငှာ မသင့်တော်
ပြာလဲ့လဲ့ လှိုင်းကြက်ခွပ်တို့သာ ရှုမြင်လို၏။

သွားမြဲသော ခရီးသို့သာ
တသွင်သွင် စီးဆင်းသွားလေတော့
သင်ကား လွတ်မြောက်ခဲ့လေပြီတကား။

ဧရာဝတီ လွတ်မြောက်နိုင်ပါစေ...

ကိုရင်
7:18(GMT)

0 comments:

Post a Comment